Skip to playerSkip to main contentSkip to footer
  • 10/7/2017
ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး)ရိုက်ကူးခဲ့တဲ့ “သိုက်ကလာတယ် စကားမပြောဘူး” ရုပ်ရှင်ဇာတ်ကားဟာ ဟာသဇာတ်ကား အဖြစ် ပရိသတ်တွေကြားထဲမှာ ရေပန်းစားခဲ့ပါတယ်။

သိုက်ကလာတယ် ရုပ်ရှင်ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်နေမင်းဟာလည်း ဒီဇာတ်ကားကြီး အပေါ်မှာ ပရိသတ်တွေကျေနပ် အားရတဲ့ အတွက် ဝမ်းသာမိတယ်လို့ ဆိုလာပါတယ်။

ဟာသဇာတ်ကားတွေကို မရိုက်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်နေမင်း အနေနဲ့ သိုက်ကလာတယ် ဇာတ်ကားဟာ သူ့အတွက် အမှတ်တရဖြစ်ခဲ့သလို ဒီဇာတ်ကား ရိုက်ကူးပြီးချိန်မှာလည်း သိုက်ကလာတယ် စာတန်းပါ အင်္ကျင်္ီရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရတယ်လို့ ဆိုလာပါတယ်။

သိုက်ကလာတယ် စကားမပြောဘူး ဇာတ်ကားကို ပံ့ပိုးပေးကြတဲ့ ပရိသတ်တွေကို နေမင်းက ကျေးဇူးတင်သလို သိုက်ကလာတဲ့ ပရိသတ်တွေအနေနဲ့ အောင်မြင်ခြင်းနဲ့ ချမ်းသာခြင်းတွေပြည့်စုံကြပါစေဖို့ နေမင်းက ဆိုလာပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended