Skip to playerSkip to main contentSkip to footer
  • 10/6/2017
တရားရုံး အဆုံးအဖြတ်အရ ပက်ခ်ဂွမ်ဟေးဟာ ဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးချယ် တင်မြှောက်ခံရသော်လည်း ရာထူးမှ ဖယ်ရှားခံရတဲ့ ပထမဆုံး တောင်ကိုရီးယား သမ္မတ ဖြစ်လာတော့မယ်လို့ သိရပါတယ်။ အဂတိ လိုက်စားမှု စွဲချက်နဲ့ ပတ်သက်ပြီး ပက်ခ်ကလည်း ပါဝင်ဆက်စပ်မှု ရှိနေကြောင်း စွပ်စွဲခံရပြီး ရာဇဝတ်ကြောင်းအရ တရားစွဲဆိုဖို့ လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်မှုကို တရားရုံးကပါ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ပက်ခ်က သူငယ်ချင်းဖြစ်သူ ချွိုင်ဆွန်ဆီလ်ရဲ့ အရှုပ်တော်ပုံမှာ ပါဝင်ဆက်နွှယ် အမှုပတ်ခဲ့တာ ဖြစ်ပါတယ်။ ပက်ခ်ဟာ သမ္မတ ရာထူးက ဖယ်ရှားခံလိုက်ရပြီ ဖြစ်တာကြောင့် တောင်ကိုရီးယားမှာ မေလဆန်း၌ ရွေးကောက်ပွဲ ကျင်းပပြီး သမ္မတသစ်တစ်ဦး ရှာဖွေရတော့မှာ ဖြစ်ပါတယ်။ပက်ခ်ဟာ တောင်ကိုရီးယားမှာ ပထမဆုံး အမျိုးသမီး သမ္မတ အနေနဲ့ မှတ်တမ်းဝင်ခဲ့ပေမယ့် အခုအရှုပ်အထွေး ပြဿနာကြောင့် ပြည်သူ့ထောက်ခံမှု ဆိုးဆိုးရွားရွား ကျဆင်းသွားခဲ့ပါတယ်။

Category

🗞
News

Recommended