• 8 years ago
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဦးဆောင်တဲ့ အရပ်သားအစိုးရအနေနဲ့ နိုင်ငံ့ရဲ့ စီမံအုပ်ချုပ်မှုတာဝန်များကို ထမ်းဆောင်ခဲ့တာ အချိန် ၁နှစ်နဲ့ ၂ လကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ပထမတစ်နှစ်ထဲမှာ စီးပွားရေးတိုးတက်ဖို့ အများက မျှော်လင့်ထားခဲ့ကြပေမယ့် NLD အစိုးရရဲ့ စီးပွားရေးအရှိန်မြှင့်တင်မှုအပေါ် လုပ်ငန်းရှင်တွေက အားမလိုအားမရတာတွေ ဖြစ်ခဲ့ပါတယ်။ လုပ်ငန်းရှင်တွေကတော့ စီးပွားရေးမူဝါဒတွေ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ လိုလားနေကြပြီး အခြေခံအဆောက်အအုံအပိုင်းတွေကိုပါ ဆက်လက်တိုးမြှင့်ရမယ်လို့ ပြောဆိုကြပါတယ်။ ကိုအာကာနဲ့ ကိုကောင်းဆက်နိုင်တို့ ပြောပြထားတဲ့ NLD အစိုးရ ဒုတိယနှစ်က နိုင်ငံ့ရဲ့ စီးပွားရေးကို မြှင့်တင်ဖို့ အရေးကြီးတယ်ဆိုတဲ့ သတင်းထဲမှာ ဆက်ပြီး ရှုစားရမှာဖြစ်ပါတယ်

Category

🗞
News

Recommended